02-2832610, 2832611

HND Diploma (Cyber Security Pathway)

Cyber Security Engineering
Empowering lives in professionalizing.
By the professionals; to the professionals
  • ယနေ့ခေတ်တွင် လူတိုင်း Phone, Tablet, Computer, Smtart TV အစရှိသည်တို့မှတဆင့် အင်တာနက်ကို အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး လျင်မြန်လွယ်ကူပြီး ကုန်ကျစရိတ်နည်းပါးစွာ ပြောဆိုဆက်သွယ်နိုင်ပါသည်။
  • ထို့အတူ အင်တာနက်သည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်နည်းပါးပြီး (ကမ္ဘာနှင့်အဝန်း) ကြီးမားကျယ်ပြန့်မှုအရှိဆုံး စျေးကွက်အသစ်တစ်ခု အဖြစ်ဖော်ဆောင် လာပါသည်။
  • မိရိုးဖလာ လုပ်ငန်းတွေများသည်လည်း အင်တာနက်ပေါ်သို့ ရောက်ရှိလာကြပြီး ကမ္ဘာကြီးရဲ့ ပုံစံအသစ် စီးပွားရေးလုပ်ငန်းများအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းလာလျက် ရှိပါသည်။
  • Online ပေါ်တွင် လုပ်ငန်းများ ပုံမှန်ရောင်းဝယ်ဖောက်ကားလည်ပါတ်နိုင်ရေး၊ Business and Financial Data များလုံခြုံရေး၊ မိမိနှင့် မိမိဖောက်သည်များ၏ သတင်းအချက်အလက်များ လုံခြုံရေး၊ ထွင်းဖောက်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရေး စသဖြင့် ဆုံးရှုံးမှုတစုံတရာ မဖြစ်ပေါ်စေရန် Cyber Security Engineer များ၏ အခန်းကဏ္ဍသည် အလွန် အရေးပါလာပါသည်။
Cyber Security Engineer အဖြစ် လုပ်ကိုင်ဖို့ရွေးချယ်သင့်သလဲ
  • အလုပ်လုပ်သည့် ပုံစံအမျိုးမျိုးရှိသည့်အနက် တချို့က ငြိမ်ငြိမ်လေးထိုင်ပြီး စဉ်းစားတွေးခေါ် အဖြေရှာနေရတာကို ကြိုက်နှစ်သက်ကြသည်။ တချို့က သွားလာလှုပ်ရှားပြီး လူအများနဲ့ ပြောဆိုဆက်ဆံနေရတာကို ကြိုက်နှစ်သက်ကြသည်။
  • Cyber Securityသည် ပညာရှင်အလုပ်ဖြစ်သောကြောင့် စဉ်းစားတွေးခေါ် အဖြေရှာပြီး လက်တွေ့ဖြေရှင်းရပါသည်။ ခက်ခဲမှု အသင့်အတင့်ရှိလိမ့်မည်။ သို့သော် Programming Coding ရေးသလောက် မခက်ခဲပါ။ မိမိလေ့လာထားတဲ့ Cyber Security ပညာကို အသုံးချပြီး အသက်မွေးမှုပြုရတဲ့ ပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ပါလိမ့်မည်။
  • အလုပ်အကိုင် လမ်းကြောင်းအသစ် ဖြစ်သည့်အတွက် အလုပ်လိုအပ်ချက် မြင့်မားပြီး ပြည်တွင်း/ပြည်ပမှာ အလုပ်အကိုင်လည်းပေါပါသည်။
Cyber Security Diploma တန်းကို ဖွင့်လှစ်သင်ကြားရခြင်း၏ရည်ရွယ်ချက်
  • အရည်အချင်းရှိသော Cyber Security အင်ဂျင်နီယာတစ်ဦးအဖြစ် ပြည်တွင်း/ပြည်ပမှာ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပြီး ဒီ Specialization Pathway ကို စတင်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
Cyber Security Diploma တန်းသို့ တက်ရောက်ရန် အရည်အချင်း လိုအပ်ချက်
  • အခြေခံပညာအထက်တန်း (သို့) GCE O Level အောင်မြင်ပြီး ဖြစ်ရမည်။
  • Pre-University Foundation တက်ရောက်ပြီးသူ ဖြစ်ရမည်။
  • IELTS (4.5) နှင့် ညီမျှသော အင်္ဂလိပ်စာ အဆင့်ရှိရမည်။ (6.5 ရသည်အထိ ထပ်မံလေ့လာရန် လိုအပ်ပါသည်။)
Cyber Security Diploma ပြီးဆုံးလျှင်
  • UK တက္ကသိုလ်များ၏ ဒုတိယနှစ်အောင်မြင်ပြီးသည်နှင့် ညီမျှသော HND ဒီပလိုမာ ကိုရရှိပါမည်။
  • (၁)နှစ် ဆက်လက်တက်ရောက်ပြီး B.Sc.(Hons) ဘွဲ့ကို ရယူနိုင်ပါသည်။

သင်တန်းချိန်

နံနက် (၉:၀၀) နာရီမှ
ညနေ (၄:၀၀) နာရီအထိ

သင်တန်းရက်

တနင်္လာနေ့မှ
ကြာသပတေးနေ့ အထိ။

သင်တန်းကာလ

၂နှစ်တက်ရောက်ရမည်။
66 (A) Street
Bet:Theikpan Street & 43rd Street, Mandalay
info@inet.edu.mm
02-2832610, 2832611

2000-2020 iNet College